Skip to main content
Back to Blog
FreelancingUpworkPaymentsCareer

All You Need to Know About Upwork Payments

A complete guide for freelancers on understanding Upwork's payment cycles, hourly vs. fixed-price protection, and available withdrawal methods.

2 min read

spec

ခုတစ်လော upwork မှာ client ဘက်ကနေပြီးတော့ deposit အရင်တောင်းတယ်ဆိုပြီးကျနော်ဆီကိုလာလာမေးတာ တစ်ယောက်နှစ်ယောက်မကတော့ပါဘူး။ $50, $100 စသည်ဖြင့်အမျိုးမျိုးတောင်းနေကြတာတွေတော်တော်များများတွေနေရလို့ သူ့ payment ဘယ်လိုအလုပ်လုပ်လဲဆိုတာကို sharing လုပ်ပေးဖို့စဥ်းစားမိရင်း ဒီ post ကိုကောက်ရေးလိုက်တာပါ။

Winning proposal#

proposal တင်ပြီး Client ဆီက message reply ပြန်ရပြီဆိုတာနဲ့မပျော်ပါနဲ့ဦး။ သူတို့က မေးချင်တာတွေမေးပါသေးတယ်။ ဒီနေရာမှာလည်း မေးချင်တာမေးတယ်ဆိုတာထက်တစ်ချို့က soultion ကိုပါနှိုက်တာပါ။ offer မပေးဘဲ ဦးနှောက်ဖောက်စားတဲ့သဘောပေါ့။ အဲ့ဒါလေးတွေလည်းသတိထားပါ။ ပြီးတော့ offer ပေးပြီးတဲ့အခါမှာလည်း လိုချင်တဲ့ goal, milestone ကို သေချာမေးပါ၊ ဟိုဟာလေးထပ်လုပ်ပေးပါဦး ဒါလေးထပ်လုပ်ပေးပါဦးတွေခဏခဏလာတတ်လို့ပါ။ အဲ့လိုလာရင်လည်း နောက် milestone တစ်ခုထပ်လုပ်ပြီး ပိုက်ဆံပေးဖို့ပါပြောပါ။ အဲ့လိုပြောလို့အရှေ့ကဟာပါမပေးတော့မှာကြောက်ရင်တော့ မပြောပါနဲ့။ စိတ်အညစ်ခံပြီးလုပ်ပေးပြီး bad review ပေးလိုက်ပါ။ ပြီးတော့ အပေါ်မှာပြောခဲ့သလိုပဲ မင်းကို offer ပေးမယ် deposit ပေးရမယ်ဘာညာလာလုပ်ရင် 80% က scam ဖြစ်ဖို့များပါတယ်။ လုံးဝပိုက်ဆံသွားမပေးမိပါစေနဲ့။ စေတနာနဲ့ပြောတာပါ ကျနော်လုပ်လာတဲ့ တောက်လျှောက် ကျနော့်ဘက်ကပိုက်ဆံတစ်ကျပ်မှမထွက်ခဲ့ပါဘူး။ အောက်ကတော့ example ပုံပါ။ မှန်နေတာလည်းဖြစ်နိုင်သလို မှားနေတာလည်းဖြစ်နိုင်ပါတယ်။ ယုံတာမယုံတာ ကိုယ့်အပိုင်းပါ။ spec Example - 1

spec Example - 2

နောက်ပြီး client ကနေပြီးတော့ Message reply နဲ့အတူ pdf file နဲ့ Google Form ဖြည့်ခိုင်းပြီး အပြင်ကနေလုပ်ဖို့ information တွေ Crypto Wallet Address တွေတောင်းတာမျိုးတွေလည်းရှိတတ်ပါတယ်။ ဟုတ်တာမဟုတ်တာထက် အဲ့လိုတွေဆိုရှောင်ပြီး upwork ကို report လုပ်လိုက်တာပိုကောင်းပါတယ်။ ကျနော် ဆဲပြီး report လုပ်လိုက်တဲ့ account တွေ၊ အောက်မှာ ကျနော်ကြုံခဲ့ရတဲ့ Examples တွေပြထားပေးပါတယ်။ spec PDF form

spec Restricted account - 1

spec Restricted account - 2

How upwork payments are reveived#

Project တစ်ခု offer ရပြီး အလုပ်စလုပ်ပြီဆိုတာနဲ့ hourly base ဖြစ်ဖြစ် project base ဖြစ်ဖြစ် ချက်ချင်းပိုက်ဆံမရပါဘူး။ project base/milestone base မှာ ကျနော်တို့ project တစ်ခု or milestone တစ်ခုပြီးပြီဆိုတာနဲ့ client ဆီကို review လုပ်ဖို့ upwork က noti ပို့ပါတယ်။ project base/milestone base ဆိုရင်တော့ submit လုပ်လုပ်ပြီးချင်း ပို့ပြီးတော့ hourly base ဆိုရင်တော့ Every Sunday night မှာပို့ပါတယ်။ အဲ့လိုအခြေအနေမှာ ကျနော်တို့အလုပ်လုပ်ထားတဲ့ပိုက်ဆံက In review အဆင့်ကိုရောက်သွားပါလိမ့်မယ်။ hourly ဆိုရင်တော့ 5 ရက်၊ milestone ဆိုရင်တော့ 14 ရက်ထိကြာနိုင်ပါတယ်။ client က တစ်ရက်နဲ့ accept လုပ်ပေးလိုက်တယ်ဆိုရင်တော့ တစ်ရက်ပေါ့။ အဲ့ In review အဆင့်မှာ client က approve လုပ်ပေးလိုက်တဲ့ ပိုက်ဆံက Pending အဆင့်ကိုထပ်ရောက်ပါတယ်။ ဒီအဆင့်မှာ fixed-price project တွေဆိုရင်တော့ ၅ ရက်အတိကြာမှာဖြစ်ပြီးတော့ hourly base project တွေကတော့ ၁ ရက်ကနေ ၅ ရက်ထိကြာတတ်ပါတယ်။ အဲ့အဆင့်ပြီးတဲ့အခါမှ Available ဆိုတဲ့ အဆင့်ကိုရောက်လာမှာဖြစ်ပြီးတော့ Available ထဲက ပိုက်ဆံတွေကတော့ Withdraw လုပ်လို့ရပါပြီ။ withdraw ပဲလုပ်လုပ် connect ပဲပြန်ဝယ်ဝယ်ပေါ့။ upwork က ရလာတဲ့ပိုက်ဆံထဲကနေပြီးတော့ 20% ဖြတ်တယ်ဆိုတာလည်းမမေ့ပါနဲ့။ ပြီးတော့ Available ထဲရောက်လာတဲ့ပိုက်ဆံတွေက အဲ့ 20% ဖြတ်ပြီးမှရောက်လာတာပါ။ လက်ခံဖို့ကတော့ Wise + Direct to U.S. Bank, paypal, payoneer နဲ့ Wire Transfer နဲ့လက်ခံလို့ရပါတယ်။

အခုမှစမယ်ဆိုရင်တော့ ဒီ post လေးကို အရင်ဖတ်ဖို့အကြံပေးချင်ပါတယ်။

Found this helpful?

Share this post